အန္တရာယ် ချောက်ကမ်းပါးပေါ်က မြောက်ကိုရီးယား လက်နက်များ




ဘယ်သူမှ အတိအကျကြီး မခန့်မှန်းနိုင်သေးပေမယ့် ကမ္ဘာတစ်ဝှမ်းလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ အောက်မှာပဲ တေပိုဒေါင် ၂ ဒုံကျည်ဟာ လက်ရှိမှာ မြောက်ကိုရီယား ရဲ့ အဆင့်မြှင့်ဆုံး လက်နက် အဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီ ဒုံးကျည်ရဲ့ စွမ်းဆောင်ရည်ကို အတည်ပြုနေကြတုန်းပဲ ဆိုပေမယ့် လေးထောင်ကီလိုမီတာကနေ ခြောက်ထောင်ကီလိုမီတာ အထိ သွားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတွေ အတွက် တုန်လှုပ်စရာပါပဲ။
တေပိုဒေါင် ၂ ဟာ လောင်စာစွမ်းအင်သုံး ဒုံကျည်ကို အခြေခံထားတာ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဒုံကျည်တွေထဲမှာတော့ အဝေးဆုံး ပျံသန်းနိုင်တဲ့ ဒုံကျည်အမျိုးအစားပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ဒုံကျည်ဟာ အမေရိကန်ကို ခြိမ်းခြောက်ဖို့ သက်သက် လုပ်ထားသလိုတောင် ပြောရမလို ဖြစ်နေပါတယ်။
မြောက်ကိုရီးယားမှာ နာမည်ကြီး ဒုံးကျည်တွေ ရှိနေပါတယ်။ အဲ့ဒီတွေကတော့ မိုင် ၈၀၀ သွားနိုင်တဲ့ ရိုဒွန်း ဒုံးကျည်၊ မိုင်း ၁၅၀၀ သွားနိုင်တဲ့ တေပိုဒေါင် ၁ ဒုံးကျည်နဲ့ မိုင် ၁၈၀၀ သွားနိုင်တဲ့ မူဆူဒွန် ဒုံးကျည်တို့ အပြင် အခု တေပိုဒေါင် ၂ ဒုံးကျည်ကတော့ မိုင် ၄၁၀၀ လောက် သွားနိုင်တာပါ။ ဒါကြောင့် တေပိုဒေါင် ၂ ကို ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာဟာလည်း အဆန်းတော့ မဟုတ်လှပါဘူး။
နောက် မြောက်ကိုရီးယားမှာ တော်တော်များများပိုင်ဆိုင်ထားတာကတော့ ဟွာဆောင်း ၆ ဒုံကျည်တွေ ဖြစ်ပါတယ်။ အဲ့ဒီ ဒုံးကျည်က မိုင် ၅၀၀ ပျံသန်းနိုင်တဲ့ စကာဒ်အမျိုးအစား ဒုံးကျည်တွေ ဖြစ်ပြီး ဆိုဗီယက်ခေတ်က R-17 ဒုံးကျည်ကို ယှဉ်နိုင်တဲ့ ဒုံးလက်နက် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဟွာဆောင်း ဒုံးတွေကို ပြည်ပနိုင်ငံတွေဆီ စတင်ရောင်းချနိုင်ခဲ့ပေမယ့် ဆိုးကျိုးက အရည်အသွေးမမီတာတွေ၊ စိတ်မချရတာတွေကြောင့် ဝယ်ယူတဲ့ လက်ငါးချောင်းစာ နိုင်ငံတွေမှာ စိတ်မချမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကောင်းကျိုးကတော့ အီရန်ဆီကနေ MAZ ၇၃၁၀ လိုယာဉ်တွေ ထုတ်ဖို့ ဟွာဆောင်းဒုံးပျံနည်းပညာနဲ့ လဲလှည်နိုင်ခဲ့ပါတယ်။
MAZ ၇၃၁၀ ဆိုတဲ့ ယာဉ် အမျိုးအစားက စစ်ဘက်သုံး ဒုံးလက်နက် တင်ပစ်နိုင်တဲ့ ကားလို့ အကြမ်းဖျင်း ပြောရမှာ ဖြစ်ပြီး ဟွာဆောင်း ၆ လို ဒုံးပျံမျိုးတွေကို တင်ပစ်ခတ်နိုင်ပါတယ်။ ဒါဟာ ဟွာဆောင်း ၆ အတွက် ပိုပြီး ရွေ့လျား ပစ်ခတ်နိုင်မယ့် အခြေအနေကို ဖန်တီးပေးလာတာ ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဟာ ပိုပြီး အကွာအဝေး ပိုများလာတဲ့ ဟွာဆောင်း ၇ ကို ထပ်ထုတ်နိုင်ခဲ့ပြီး တခြား ဒုံကျည်တွေ အတွက်လည်း ပိုအသုံးတည်စရာတွေ ဖြစ်လာခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ လိုက်ပြီး ဖျက်သိမ်းနေပြီ ဖြစ်တဲ့ ဓာတုလက်နက်တွေကလည်း မြောက်ကိုရီးယားမှာ အများအပြား သိုလှောင်ထားတာရှိတယ်လို့ မြောက်ကိုရီးယား စစ်သတင်းတွေက ဆိုပါတယ်။ အဲ့ဒီထဲမှာ ဒေါင့်သန်းပိုး လို ဓာတုလက်နက်တွေ အပြင် အဆိပ်ဓာတ်ငွေ့လည်း ရှိနေတာပါ။ ဒါဟာလည်း စိုးရိမ်စရာ တစ်ချက်ဖြစ်ပါတယ်။
အထီးကျန်းနိုင်ငံငယ်လေး ဖြစ်တဲ့ မြောက်ကိုရီးယားဟာ ဘာကြောင့် အဲ့ဒီလောက် လက်နက်အရာမှာ ဘာကြောင့် တာသွားနေတာလည်း ဆိုတဲ့ မေးခွန်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
မြောက်ကိုရီးယား ဟာ ဆိုဗီယက် ခေတ်ကောင်းစဉ်က ဆိုဗီယက် ပညာရှင်တွေ အကူအညီနဲ့ ဒုံးလက်နက်တွေ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်အသုံးတည့်လှတာ မဟုတ်ပါဘူး။ ပုံစံကြမ်းထည် လောက်သာ ဖြစ်ပြီး ဟန်ပြသဘောမျိုးသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုပြီးတဲ့ နောက် ဒုံးလက်နက် အရာမှာ မြောက်ကိုရီးယား တိုးတက်လာပါတယ်။ နောက်တော့ မျှော်လင့်မထားတဲ့ အကူအညီတွေကြောင့် မြောက်ကိုရီးယားဟာ ဒုံးလက်နက်အရာမှာ ထင်းရှားလာပါတယ်။
ဒီအကြောင်းကိုတော့ စာရေးဆရာ ဘာတေးလင့်တနာ က သူ့ရဲ့ North Korean missiles officially banned and widely available ဆောင်းပါးမှာ ထုတ်ဖော်ခဲ့တာပါ။ အစ္စရေး - အီဂျစ်စစ်ပွဲမှာ မြောက်ကိုရီးယား လေယာဉ်မှူးတွေကို အီဂျစ်အတွက် ကူညီပေးဖူးတဲ့ အပေါ် အီဂျစ်သမ္မတ နတ်ဆာက ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဆိုဗီယက် လုပ် FROG-7B ဒုံးကျည် တချို့ကို ပေးအပ်ခဲ့ပါတယ်။ နောက် စကာဒ် ဘီ ဒုံးတွေလည်း ရခဲ့ပြီး ပုံစံတူ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။
နောက် ဒုံးကျည်တွေမှာ တပ်မယ့် နျူကလီးယား ထပ်ဖူး ကိစ္စပါ။ ပညာရှင်တွေက တကယ်တပ်ပြီး ပစ်နိုင်၊ မပစ်နိုင်ကို အမြင်ကွဲလွဲနေပါတယ်။ တချို့ကလည်း တကယ်တပ်ပြီး ပစ်နိုင်တယ်လို့ ပြောကြပေမယ့် တချို့ကလည်း ဒါကို လက်မခံကြပါဘူး။ ပြီးခဲ့တဲ့ ဧပြီလတုန်းက မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်း မွေးနေ့ အထိမ်းအမှတ် လုပ်ခဲ့တဲ့ “နေရဲ့နေ့” အခမ်းအနား ပြသခဲ့တဲ့ တချို့လက်နက်တွေကိုတောင် အတုတွေလို့ စွပ်စွဲမှုတွေ ပေါ်ခဲ့သေးတာပါ။ တချို့က မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ ရှိတာထက်ပိုပြီး ကြွားလုံးထုတ်လွန်းတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အနေအထားတစ်ရပ် ဖြစ်ပါတယ်။
အထီးကျန်နိုင်ငံလေး မြောက်ကိုရီးယားက ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ လုံးပန်းနေရပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အံ့သြစရာ ကောင်းတဲ့ အချက်က မြောက်ကိုရီးယားရဲ့ စစ်စရိတ်ဟာ တစ်နှစ်မှာ ကန်ဒေါ်လာ ၇ ဘီလီယံလောက် အသုံးပြုနေတယ်လို့ ခန့်မှန်းရတာပါပဲ။ ဒါဟာလည်း မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်တဲ့ နိုင်ငံတွေ ရှိနေလို့ ဒီလိုဖြစ်နေရတာလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲခဲ့ကြပါတယ်။
ကိုရီးယား ပြည်သူ့တပ်မတော်ဟာ ကမ္ဘာပေါ်မှာ အင်အားကြီး စစ်တပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ကိုးရီား တပ်မတော်မှာ မြေပြင်တပ်၊ ရေတပ်၊ လေတပ် နဲ့ အထူးစစ်ဆင်ရေး တပ် နဲ့ ဒုံးလက်နက်တပ်တွေ ပါဝင်ပြီး ကိုရီးယား အလုပ်သမားပါတီ ရဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ အမိန့်ကို နာခံရတာပါ။


----------------HtEt AuNg KyAw HtAy--------------------------
အန္တရာယ် ချောက်ကမ်းပါးပေါ်က မြောက်ကိုရီးယား လက်နက်များ အန္တရာယ် ချောက်ကမ်းပါးပေါ်က မြောက်ကိုရီးယား လက်နက်များ Reviewed by Lone Gyi Pauk Hla on September 25, 2017 Rating: 5

No comments:

Powered by Blogger.