မြန်မာပြည်ရဲ့ လေသူရဲသစ် JF-17 Thunder



မြန်မာနိုင်ငံရဲ့ လေတပ်ဆိုရင် တချို့က Chengdu J-7 လေယာဉ်တို့၊Nanchang Q-5 တို့၊ ကြားဖြတ်တိုက်လေယာဉ် Mikoyan MiG-29 တို့ပဲ မျက်လုံးထဲ ပြေးမြင်မိနိုင်ပါတယ်။ ဒီထက် စိတ်ဝင်စားစရာ ကောင်းတာက Fighter လေယာဉ် အဖြစ် အသုံးချမယ့် JF-17 Thunder တိုက်လေယာဉ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က မြန်မာကို ပို့မယ် JF - 17 တစ်စီးကို တရုတ်မှာ စမ်းသပ်မောင်းနှင်နေတဲ့ သတင်း က တရုတ်မီဒီယာတွေမှာ ပထမဆုံး တက်လာခဲ့ပါတယ်။ အမှန်တော့ ဒါဟာ ဒီနှစ်ပိုင်း အတွင်း တက်လာတာ ဖြစ်ပြီး ၂၀၁၅ လောက်တည်းက မြန်မာကို ရောင်းဖို့ စာချုပ်ချုပ်ထားတယ် ဆိုတာကို ပါကစ္စတန် ရုပ်သံက ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက JF-17 Thunder တိုက်လေယာဉ် ၁၆ စီး ဝယ်ဖို့ အတွက် လက်မှတ်ထိုးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာ့လေတပ် အတွက် အရင် တိုက်လေယာဉ်တွေ နေရာ အစားထိုးဖို့ ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်တာလဲ ဖြစ်ပါတယ်။
အဲ့ဒီ တိုက်လေယာဉ်ကို တရုတ်က Chengdu Aircraft Corporation (CAC) နဲ့ ပါကစ္စတန်က the Pakistan Aeronautical Complex (PAC) တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာပါ။ လေကြောင်းစီးချင်းထိုးဖို့ အင်မတန် အသုံးဝင်တဲ့ လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။

---------------HtEt AuNg KyAw HtAy----------------
မြန်မာပြည်ရဲ့ လေသူရဲသစ် JF-17 Thunder မြန်မာပြည်ရဲ့ လေသူရဲသစ် JF-17 Thunder Reviewed by Lone Gyi Pauk Hla on September 25, 2017 Rating: 5

No comments:

Powered by Blogger.