လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်တွေကို နှစ်သက်တတ်တဲ့ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ခ် Friend များ အတွက် အာဂါသာ (Agarthr) ဆိုတဲ့ ကျွန်တော်တို့ ခြေဖ၀ါးအောက်က ကမ္ဘာငယ်လေးအကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော်ကတော့ ရေးသာရေးပြရတာ။ မယုံလှပါဘူး။ ဓာတ်ပုံတွေကိုတော့ Google က ရှာပေးထားပါတယ်။
ဒီ အာဂါသာ ဆိုတဲ့ နေရာလေးဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ဗဟိုမှာ ရှိနေတယ် ဆိုပြီး ပြောနေကြတာ ကြာခဲ့ပါပြီ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းမှာ အပေါက် တစ်ခုစီ ရှိနေပြီး အဲ့ဒီ ကနေ ၀င်ရောက်နိုင်တယ်လို့ ယုံကြည်သူတွေက ဆိုကြပါတယ်။ ၀ီကီပီဒီယား အလိုအရ အာဂါသာ အကြောင်း ကို ကိုးရာစု က ပြင်သစ်မှာ ပုံနှိပ်ခဲ့တဲ့ စာအုပ်ထဲမှာတော့ ငြိမ်းအေးလွတ်လပ်ခြင်း နယ်မြေ တစ်ခု အဖြစ် ပုံဖော်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကျွန်တော်ရေးပြမယ့် နယ်မြေမျိုးနဲ့တော့ မတူလှ ပါဘူး။
အာဂါသာနဲ့ ပတ်သက်လို့ ဇာတ်လမ်းတွေက အများကြီးပါ။ ဒီ ဇာတ်လမ်းတွေထဲမှာ အမေရိကန် လေယာဉ်မှူး Admiral Richard E. Byrd ရဲ့ ဇာတ်လမ်းက ထင်ရှားပါတယ်။ သူဟာ ၁၉၄၇ ခုနှစ်က မြောက်ဝင်ရိုးစွန်းဖက်က နေ လေယာဉ်မောင်းနေတုန်း တစ်နေရာရောက်တော့ အပေါက်ကြီး တွေ့ရတယ်လို့ ဆိုပါတယ်။ (သင်ယုံပါသလား) အဲ့ဒီ အပေါက်ထဲမှာ မျိုးတုံးသစ်ပင်တွေ ရှေးဦး သတ္တ၀ါကြီးတွေ တွေ့ရတယ်လို့ သူ ပြန်ရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မယုံကြပါဘူး။ သူသေတဲ့ အခါကျတော့ သူ့ဒိုင်ယာရီကို အမှတ်မထင် ပြန်တွေ့ရာက ဒီဇာတ်လမ်းဟာ နာမည်ကြီးခဲ့ပါတယ်။ သူ့လိုပဲ အာဂါသာကို ရောက်ဖူးပြီး လူတွေတွေ့ခဲ့ကြောင်း ကျိန်တွယ်ပြောသူတွေလည်း မျက်မှောက်ခေတ် အထိ တအုံတမကြီး ရှိနေဆဲပါ။
အာဂါသာ တည်ရှိပုံ အကြောင်းနဲ့ ပတ်သက်လို့ သိပ္ပံပညာကို ခဏဖယ်ထားပြီး စိတ်ကူးယဉ်ဝါဒဖက်ကနေ ခဏ ကြည့်ကြပါစို့။ ကျွန်တော် ကမ္ဘာကြီးဟာ ကြက်သွန်နီဥလို အလွှာလိုက် ရှိနေတာ သင်တို့ သိပြီး ဖြစ်မှာပါ။ ဒီ အာဂါသာ ယုံကြည်မှုကလည်း ဒီဟာကို အခြေခံ ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကမ္ဘာအတွင်းထဲမှာ နေလုံး တစ်ခု ရှိတယ်လို့ ဆိုပါတယ်။ အာဂါသာ အတွက် ကိုယ်ပိုင်နေလုံး တစ်ခု ဆိုပါစို့။ အဲ့ဒီ နေလုံးနဲ့ အတူ ကမ္ဘာငယ်လေးတစ်ခု ရှိနေတာ လို့ ဆိုပါတယ်။ ဒါက ယုတ္တိဗေဒနည်းအရ တစ်ပိုင်းပေါ့။ နောက် အယူအဆ တစ်ခု ကျတော့ အဲ့ဒီ အာဂါသာ ဆိုတာ ကမ္ဘာကြီးထဲမှာ ဆလင်ဒါ ပုံစံ တည်ရှိနေတာ ဖြစ်ပြီး နေလို လင်းတဲ့ ဟာတစ်ခုကို ၀န်းရံတည်ရှိနေတာလို့ ပြောကြပါတယ်။ (ဒါကတော့ လက်ခံလို့ ရလောက်ပါတယ်နော်)
အာဂါသာ ဆိုတာ
Reviewed by Lone Gyi Pauk Hla
on
September 25, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
September 25, 2017
Rating:



No comments: