စီအိုင်အေ
ခြေရှုပ်ကြောင်းကို သိပြီး ဖြစ်ကြမှာပါ။ ဒါပေမယ့် သူ့တို့ရဲ့ စနက်ကြောင့် လက်နက်တွေ
ဖောင်းပွပြီး မူးယစ်ဂိုဏ်းတစ်ခုကို မတော်တဆ မွေးဖွားမိခဲ့ပါတယ်။ အဲ့ဒီအကြောင်း
ပါဝင်တဲ့ ဇာတ်ကားကတော့ တွန်ခရုဇ် အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ American
Made လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းက CIA သတင်းပေး အဖြစ်ကနေ ကိုလံဘီယာ ရဲ့ ကိုကင်းဘုရင်
အက်စကိုးဘား တို့နဲ့ ဆက်သွယ်မိပြီး အမေရိကန်ရဲ့ နာမည်ကြီး ကိုကင်းတင်ပို့သူ
ဖြစ်သွားတဲ့ အကြောင်းပါ။ တကယ့် ဖြစ်ရပ်မှန်ကို ရိုက်ထားတာမို့ ဇာတ်လမ်းက ပိုပြီး
အသက်ဝင်ပါတယ်။ ပြီးတော့ ၂၀၁၇ ခုနှစ်မှာ ပြတာမို့ ဇာတ်လမ်းကလည်း ဒီဘက်နှစ်တွေနဲ့
မဝေးဘူးလို့ ဆိုရမှာပါ။ ပြီးတော့ စီအိုင်အေ ဘယ်လို ခြေရှုပ်ခဲ့သလဲ ဆိုတာ
သိရသလို နိုင်ငံရေး လှည့်ကွက်တွေ အကြောင်းလည်း လေ့လာရပါတယ်။
![]() |
| ဘယ်ရီဆီးလ် နဲ့ သူ့မိသားစု |
ဇာတ်လမ်းရဲ့ အဓိက
ဇာတ်ကောင်ဖြစ်တဲ့ ဘယ်ရီဆီးလ် ဟာ ပိုင်းလော့ ဖြစ်ဖို့ မွေးလာတယ်လို့တောင် ပြောရမှာ
ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ အပြင်က ဘယ်ရီဆီးလ် ဟာ ဆယ်ကျော်သက်မှာတင် လေယာဉ်
စမောင်းပြီးတော့ TWA
လေကြောင်းလိုင်ရဲ့ အသက်အငယ်ဆုံး ပိုင်းလော့ စာရင်းမှာတောင် ပါခဲ့တာပါ။ ဘိုးရင်း
၇၀၇ ပိုင်းလော့ အဖြစ် သူဟာ ဥရောပ အနောက်ပိုင်း ခရီးစဉ်တွေကို မောင်းနှင်ခဲ့ပါတယ်။ ပိုင်းလော့လုပ်နေရင်း
သူ့ကိုယ်သူ မွန်တီရှက်ဖာလို့ ခေါ်တဲ့ စီအိုင်အေ အရာရှိတစ်ယောက်က ဘယ်ရီဆီ
ဆက်သွယ်လာပါတယ်။ နောက်ပြီး စီအိုင်အေ ရဲ့ သတင်းပေးအနေနဲ့ အမေရိကတိုက်
အလယ်ပိုင်းနိုင်ငံတွေဆီ လေယာဉ်အသေးလေးနဲ့ သွားပြီး ဓာတ်ပုံတွေ ရိုက်ဖို့ကိုလည်း
ကမ်းလှမ်းခဲ့ပါတယ်။ ပိုင်းလော့ အလုပ်ကို သူ နှုတ်ဆက်ခဲ့ပြီး CIA သတင်းပေးအနေနဲ့
စလုပ်ပါတော့တယ်။
၁၉၇၀ ခုနှစ်မှာတော့
ရှက်ဖာ ရဲ့ ပြောကြားမှုအရ စီအိုင်အေ နဲ့ ပနားမားနိုင်ငံက ဗိုလ်ချုပ် Noriega
တို့အကြား ဆတ်သား အဖြစ် တာဝန်ယူရပါတယ်။ အဲ့ဒီ တာဝန်ထမ်းဆောင်နေတုန်းမှာပဲ
အက်စ်ကိုးဘား ရဲ့ Medellín Cartel အဖွဲ့က ဘယ်ရီ သူ့လေယာဉ် သေးသေးလေးနဲ့ အမေရိကန်
ပြန်တဲ့အခါ ကိုကင်းတွေ ပြန်သယ်ပေးသွားဖို့ ဆက်သွယ်လာခဲ့ပြီး အဲ့ဒီ အလုပ်ကို သူ
လက်ခံခဲ့ပါတယ်။ ဘယ် လူဝီစီနီယားပြည်နယ်ထဲ
ကိုကင်းတွေ သယ်သွားပေးခဲ့တာကို CIA က မသိချင်ယောင် ဆောင်ပေးခဲ့ပေမယ့် Drug
Enforcement Administration ကတော့ ဒီအကြောင်းကို သိသွားပါတယ်။ ရှတ်ဖာရဲ့
စီစဉ်ပေးမှုအရ အာကင်းဆတ်ပြည်နယ်ထဲက မီရာ ဆိုတဲ့မြို့လေးဆီ သူတို့ မိသားစု
ပြောင်းရွေ့ခဲ့ကြရပါတယ်။
နောက်တော့ သူဟာ
ဟွန်ဒူးရပ်စ် နိုင်ငံမှာ ရှိနေတဲ့ ကွန်ထရာသူပုန်တွေဆီ လက်နက်ပို့ပေးတဲ့ အလုပ်ကို
လုပ်ရပါတယ်။ အဲ့ဒီအဖွဲ့ဟာ အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတာ ဖြစ်ပြီး အမေရိကန်
အစိုးရက လျှို့ဝှက်ထောက်ပံ့ထားနေတာပါ။ ဘယ်ရီသဘောပေါက်သွားတာကတော့ ကွန်ထရာတွေဟာ
စစ်ပွဲကို စိတ်ဝင်စားသူတွေ မဟုတ်ဘူး ဆိုတာပါပဲ။ အဲ့ဒါနဲ့ အမေရိကန် ထောက်ပံ့တဲ့
လက်နက်တွေကို Medellín Cartel အဖွဲ့ဆီ လက်နက်ရောင်းဖို့ အကြံရပါတယ်။ စီအိုင်အေ
အစီစဉ်နဲ့ ကွန်ထရာသူပုန်တွေ လေ့ကျင့်ပေးဖို့ အမေရိကန်က မီရာမြို့ဆီ ခေါ်လာတာမှာလည်း
ဘယ်ရီရဲ့ လေယာဉ်ကိုလည်း အသုံးပြုရပြန်ပါတယ်။
ဘယ်ရီ အကြီးကျယ်
စီးပွားဖြစ်ပါတော့တယ်။ လက်နက်ရောင်းရငွေရယ် ကိုကင်းတွေ ပြန်သယ်လာတာရယ်က ရတဲ့
ပိုက်ဆံတွေဟာ သိမ်းတောင်မသိမ်းနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ပိုက်ဆံတွေကို
မြေကြီးထဲမှာတောင် မြုပ်နေရပြီး ဘဏ်တွေမှာလည်း ခွဲအပ်နေရပါတယ်။ နောက်တော့
အယောင်ပြလုပ်ငန်းတွေ တည်ထောင်ပြီး ငွေမည်းကို ငွေဖြူအဖြစ် ပြန်ခဝါချရင်း
ဘယ်ရီတစ်ယောက် သူဌေး ဖြစ်လာခဲ့ပါတယ်။
ချုပ်ပြောရရင်တော့
နောက်ဆုံးမှာ ဘယ်ရီကို ရဲတွေက ခြေရာခံမိသွားပါတယ်။ ရဲဆိုတာ တစ်ဖွဲ့တည်းမဟုတ်ပါဘူး။
အာကင်းဆတ် ပြည်နယ်ရဲ တွေကော FBI ကော မူးယစ်တားဆီးရေး တပ်ဖွဲ့တွေကော က
မတိုင်ပင်ပါပဲ သူ့အလုပ်နေရာမှာ စုံမိပြီး ဝိုင်းဖမ်းကြတာပါ။ သူ့ကို ဖမ်းပြီးတော့
ပြည်နယ်ဥပဒေချုပ်ဆီ ခေါ်သွားတဲ့ အခါမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ကလင်တန်က သူ့ကို
လွှတ်ပေးပြီးတော့ အိမ်ဖြူတော်ဆီ ခေါ်သွားပါတယ်။ အိမ်ဖြူတော် ရဲ့ အမိန့်အရ ကင်မရာတွေ
တပ်ထားတဲ့ လေယာဉ်နဲ့ အတူ နီကာဂွာရာက သူပုန်တွေဆီ ထပ်သွားရပါတယ်။ ပြီးတော့ အဲ့ဒီကနေ
Medellín Cartel ရဲ့ ခေါင်းဆောင် အက်စ်ကိုးဘား တို့ရဲ့ ဓာတ်ပုံတွေလည်း ရခဲ့ပါတယ်။
သူ့ကို အစိုးရ ကတိပေးခဲ့တာက ရခဲ့တဲ့ ဓာတ်ပုံတွေကို သိမ်းထားပြီး နောက်မှ
ထုတ်ပြန်ဖို့ပါ။ ဒါပေမယ့် သမ္မတ နစ်ဆင်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး
မိန့်ခွန်းပြောတဲ့ အခါမှာတော့ သူရိုက်ထားတဲ့ ဓာတ်ပုံတွေကို
ထုတ်ပြန်လိုက်ပါတော့တယ်။
အဲ့ဒီပုံတွေကြောင့်
မူးယစ်ရာဇာတွေကို သိကြရသလို သူ့ကိုယ်တိုင်လည်း အဲ့ဒီပုံထဲမှာ ပါနေပြီး
ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရပါတယ်။ ဒါပေမယ့် တရားသူကြီးကတော့ သူ့ကို ကယ်တင်ခြင်း
တပ်မှာ နာရီ တစ်ထောင် လူမှုရေးလုပ်ဖို့သာ အမိန့်ချခဲ့တာပါ။ ဇာတ်လမ်းအရ သူဟာ တစ်နေ့ဟာ
မိုတယ်တစ်ခု လှည့်နေခဲ့ပါတယ်။ ပြီးတော့ သူ့ဘဝအကြောင်းကိုလည်း သူ့က ပြန်ပြောရင်း
ဗွီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့ကြောင့် အထိနာသွားတဲ့ အက်စ်ကိုးဘား က ဘယ်ရီကို
သတ်ဖို့ ကြိုးစားနေပြီး သူ ကယ်တင်ခြင်း တပ်ကို လုပ်အားပေးဖို့ သူအသွား
အဲ့ဒီရှေ့မှာပဲ အသတ်ခံလိုက်ရပါတော့တယ်။
American Made ရုပ်ရှင်ထဲက အပြင်မှာ တကယ်ရှိဖူးတဲ့ Barry Seal အကြောင်း
Reviewed by Lone Gyi Pauk Hla
on
February 16, 2018
Rating:
Reviewed by Lone Gyi Pauk Hla
on
February 16, 2018
Rating:


No comments: