ဂရိဒဏ္ဍာရီမှာ ဇုစ်နတ်မင်းကြီးဟာ တစ်ခါသားကျတော့ စိတ်ပေါက်ပေါက်နဲ့ လူသားကို နှစ်ခြမ်းခွဲပစ်ပြီး ကမ္ဘာရဲ့ တစ်နေရာစီကို လွှတ်ပစ်လိုက်တယ်လို့ ဆိုတယ်။ အဲ့ဒီကတဆင့် ညာခြမ်းက အမျိုးသားဖြစ်ပြီး ဘယ်ခြမ်းက အမျိုးသမီး ဖြစ်သွားသတဲ့။ သူတို့ နှစ်ယောက်ဟာ ခန္တာကိုယ်ကို ပြန်ဆက်ဖို့ အတွက် ပြန်ရှာပြီး ပေါင်းဖက်ကြရတယ်လို့ ဆိုတယ်။ အဲ့ဒါက တဆင့် အိမ်ထောင်မှု ဆိုတာ ဖြစ်လာတာပါတဲ့။ ဒါဟာ ယုံတမ်းစကားတစ်ခုလို ဖြစ်နေပေမယ့် အသေအချာ လေ့လာရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော် အမြင်အရတော့ စုံတွဲတစ်တွဲရဲ့ ပေါင်းဖက်မှုကို သူက နူးနူးညံ့ညံ့ ဖော်ပြတာလို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မတူတဲ့ လူနှစ်ယောက်၊ စိတ်နှစ်ခု၊ စရိုက်နှစ်မျိုး ဒါတွေကို တစ်မျိုးတည်း ဖြစ်အောင် လုပ်ရတာဟာ အနုပညာလည်း ဆန်လှပါတယ်။ ဒီထက် ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ချစ်ရတယ် ဆိုတာကလည်း အင်မတန်မှ ဆန်းကြယ်တဲ့ လူသားဆန်းမှု၊ ရင်ခုန်သံ နီးစပ်မှုကို ထုဆစ်ပေးတဲ့ ပန်းပုဆရာတစ်ယောက် ဖြစ်နေတာမို့ပါ။
ဒါဟာ အချစ်တဲ့လား
Reviewed by Lone Gyi Pauk Hla
on
October 11, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
October 11, 2017
Rating:

No comments: