အနောက်နိုင်ငံတွေက ကျွန်တော်တို့ထက် နည်းပညာမှာ ခေတ်ရှေ့ကို ရောက်ခဲ့တာမို့ အချိန်ခရီးသွားတာကို တကယ်လုပ်နိုင်ပြီလို့ ယုံတမ်းစကားတွေ ပိုအပြောများပါတယ်။ အချိန်ခရီးသွားတာကို လက်ဆုပ်လက်ကိုင် မပြနိုင်တာကြောင့် အစိုးရတွေက တိတ်တဆိတ်လုပ်နေတာလို့ အချိန်ခရီးသွား ယုံကြည်သူတွေက ပို အထင်ရောက်နေကြပါလေရဲ့။
ယုံတာ မယုံတာထက် လူတွေက ထူးဆန်းတာကို စိတ်ဝင်စားတာမို့ အဲ့ဒီလို ယုံတမ်းစကား တွေ ခေတ်ကုန်တော့မယ် မထင်ပါဘူး။ပြောကြတာကလည်း သူတို့မှာ အကြောင်းတွေ ရှိပါလိမ့်မယ်။ ကျွန်တော်သိတာကတော့ အထူးသဖြင့် ဆိုဗီယက်ခေတ်မှာ အမေရိကန်နဲ့ ဆိုဗီယက်က နည်းပညာမှာ အပြိုင်ဖြစ်ခဲ့တာမို့ နည်းပညာတွေ စမ်းသပ်ရင်း အချိန်ခရီးသွားနိုင်ပြီးလို့ ယုံကြည်နေတာပါပဲ။ ဒါပေမယ့် အထူးကို သိုသိုသိပ်သိပ်လုပ်နေတယ်လို့ ယုံကြည်ကြပါသတဲ့။
ဥပမာ အချိန်ခရီးသွားတာမှာ ရုရှားက သမ္မတ ပူတင်ပါဝင်ခဲ့တယ်လို့ သူနဲ့တူတဲ့ စစ်ဖက်မှာ ခေတ်အဆက်ဆက်က တာဝန်ထမ်းဆောင်ခဲ့သူတွေရဲ့ပုံနဲ့ စုပြီး သက်သေပြပါတယ်။ နောက် ဗစ်တိုးရီးယားခေတ်က လူတစ်ယောက်က အိုဘားမားနဲ့ ဆင်နေတာမို့ အမေရိကန်ကလည်း အချိန်ခရီးသွားတဲ့ နည်းပညာ ရနေပြီလို့ ဆိုကြပြန်ပါတယ်။ နောက် ဟောလိဝုဒ်မင်းသားတွေ ဖြစ်ကြတဲ့ နီကိုလပ်ကေ့ခ်ျ နဲ့ ဂျွန်နီဒပ်ဖ် တို့က အချိန်ခရီးသွားဖူးကြသယောင် သူတို့နဲ့တူတဲ့ ခေတ်ဟောင်းက လူတွေရဲ့ ပုံနဲ့ နှိုင်းယှဉ်ကြပြန်ပါတယ်။
ထူးထူးခြားခြား အသက်ကြီးမလာတဲ့ မသေမျိုး ဆိုပြီး ဟောလိဝုဒ် မင်းသား ကိနူးရိဒ် ပုံနဲ့ အချိန်အပိုင်းအခြားတွေက သူ့ရုပ်သွင်ကို နှိုင်းယှဉ်ဖော်ပြလာကြပြန်ပါတယ်။
ဒီလိုဆိုပြန်တော့ သိပ္ပံပညာရှင် စတီဗင်ဟော့ကင်းရဲ့ လုပ်ရပ်လေးတစ်ခုကို သတိရပါရဲ့။ တစ်ခါတော့ သူအိမ်ကို အချိန်ခရီးသွားတွေ လာဆက်သွယ်ပါ ဆိုပြီး အိမ်တံခါးဖွင့် စောင့်ဖူးပါသတဲ့။ ဒါပေမယ့် ဘယ်သူမှ လာမဆက်သွယ်ကြပါဘူးတဲ့လေ။
အနောက်ပြည်တွေက Time traveller နဲ့ Immortal ယုံတမ်းစကားများ
Reviewed by Lone Gyi Pauk Hla
on
October 22, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
October 22, 2017
Rating:




No comments: