တစ်ခေတ်စာ အလွဲများ



စစ်အာဏာရှင်တွေ တတ်ယောင်ကား လုပ်သမျှ အလွဲတွေကို သိရသလောက် စုစည်း တင်ပြလိုက်ပါတယ် ...
၁) "ဒီနှစ်ထန်းလျက် အထွက် ကောင်းတယ်ဆို အကုန် ရောင်းမပစ်နဲ့ မျိုးချန်ထားဦး"ဟု ထန်းလျက် မျိုးကောင်းကောင်း ချန်ထားခိုင်းသော ကုန်သွယ်ရေးဝန်ကြီး
၂) မြေကြီးထဲစိုက်ရသော Geophone များကို မြေကြီးပေါ်ပစ်ထားသည်ဟု ကြိမ်းမောင်းသော စွမ်းအင်ဝန်ကြီး
၃) ကြယ်ငါးပွင့်သင်္ဘော Weather မကောင်း၍ မထွက်နိုင်သည်ကို "Weather မကောင်းရင် ပြင်လိုက် ... နောက် ဒီလို မဖြစ်စေနဲ့" ဟု မိန့်ကြားသော စစ်ဗိုလ်ချုပ်
၎) ရေအရည်အသွေး pH7 ရကြောင်း တင်ပြသည်ကို "7 နဲ့တင် ကျေနပ်မနေဘဲ pH8 ... 9 ... 10 အထိ ရအောင် ကြိုးစားကြ" ဟု ဒဂုံမြို့သစ် တည်ဆောက်ရေး လုပ်ငန်းခွင် အစည်းအဝေးတွင် လမ်းညွှန်သော နဝတ ထိပ်သီး စစ်ဗိုလ်ချုပ်
၅) သတင်းစာ ရှင်းလင်းပွဲတွင် နောက်ထပ် မေးမည့်သူ ရှိမရှိ မေးရာတွင် "Any asker?" ဟု မေးသော နဝတ ထိပ်သီး စစ်ဗိုလ်ချုပ်
၆) တစ်ယောက်က me too ဟု ပြောသောအခါ me three ဟု ဝင်ပြောသည့် နဝတ ထိပ်သီး စစ်ဗိုလ်ချုပ်
၇) လားနဲ့မြင်းမှားပြီး "မျိုး​ကောင်းတယ်​ ... စီးမြင်းကောင်း ရအောင် သေချာဂရုစိုက်"ဟု လမ်းညွှန်သော နဝတ ထိပ်သီး စစ်ဗိုလ်ချုပ်
၈) ဆန်စက်တွင် စပါးနက်များ ပုံထားသည်ကို "မီးကျွမ်းနေတဲ့ စပါးတွေ ပုံထားပြီး ငါ့ကို ဘာ ကလိမ်ကျမလို့လဲ" ဟု မေးသော အလွန် လူရည်လည် ပါးနပ်ကာ အလွယ်တကူ လှည့်စားမရသည့် သမဝါယမဝန်ကြီး
၉) ရေနံတွင်းတူးရာတွင် တွင်းမပြိုအောင် ထည့်ရသော ရွှံ့များ ဂလိုင်ဖြစ်နေသော မြေလွှာမျိုးရောက်လျှင် အပေါ်ပြန်တက်မလာဘဲ ဂလိုင်ထဲ ဝင်သွား၍ ရွှံ့ပျောက်သည်ကို "ရွှံ့ပျောက်ရင် ရဲတိုင် ... လုံခြုံရေး ဂရုစိုက်" ဟုလမ်းညွှန်သော နဝတ ထိပ်သီး စစ်ဗိုလ်ချုပ်
၁၀) ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသည့် စကားပုံကို "ကိုင်းပင်များက ကျွန်းပင်ကိုမှီ၊ ကျွန်းပင်များကလည်း ကိုင်းပင်ကိုမှီ" ဟု ဖွင့်ဆိုရှင်းပြသော စစ်တိုင်းမှူးဝန်ကြီး
၁၁) ဆင်သေကောင်ပေါ် အလိုက် မှားမိသော ကျီးအစား ဆင်သေကောင်ပေါ် အလိုက်မှားမိသော "ကျေးသား" ဟု ပြောသော စစ်တိုင်းမှူးဝန်ကြီး (ကျေးသား ဆိုသည်မှာ ကြက်တူရွေးနှင့် အလွန် တူသော ငှက်မျိုး ဖြစ်ပြီး အသီးအနှံသာ စားပါသည်။ အသားမစားပါ)
၁၂) မိမိနိုင်ငံအလံကို ကိုင်ကြရန် ပြောသည်ကို နားမလည်ဘဲ လက်ကလေးပြ၍ ဆင်းလာသော နိုင်ငံ့ခေါင်းဆောင်
၁၃) Twitter တွင် follow လုပ်ထားသူများ၏ tweet များ အထက်အောက် ကပ်လျက်ပေါ်သည်ကို ထိုသူများ အပြန်အလှန် ဆွေးနွေး နေကြသည်ဟု လူသိရှင်ကြား ပို့စ်တင်သော ပြန်ကြားရေးဝန်ကြီးဟောင်း
၁၄) UN Human Rights Council President urged to remove UN Special Rapporteur on Myanmar Professor Yanghee Lee for bias ဟု passive တွင် verb to be ဖျောက်၍ သတင်း ခေါင်းစဉ်ရေးသည်ကို UNHR President က တောင်းဆိုသည်ဟု ဘာသာပြန်ကာ ထိုသို့ မဖြစ်နိုင်ကြောင်း အစဉ်အလာ မရှိကြောင်း ရှင်းပြသည့် ပြန်ကြားရေးဝန်ကြီးဟောင်း
၁၅) Miss understand ဟု စာလုံးပေါင်း၍ Miss Universe, Miss Myanmar တို့ကဲ့သို့ "မယ်" အသစ် ထွင်သည့် အမတ်(ပြုတ်)
၁၆) စက်မှု (၁) ပခုက္ကူ အထည်စက်ရုံသစ် စီမံကိန်းတွင် ဝန်ကြီး လာစစ်ကာနီးထိ neutral ပျောက်နေ၍ စက်ရုံက မီးမလင်းသေး ... အသည်းအသန် ချို့ယွင်းချက် ရှာနေကြရချိန်တွင် "ဘာလို့မီးမလင်းသေးလဲ" ဟုမေး၍ "neutral ပျောက်နေလို့ပါ အဘ" ဟု ဖြေသည်တွင် ... "မင်းတို့က ဒီလောက် အရေးကြီး ပစ္စည်းကို နမော်နမဲ့ ထားရလား ... ခု အချိန်က မရှိတော့ဘူး၊ ပခုက္ကူမှာ ရမလား? ရရင် အချိန်ရှိတုန်း ပြေးဝယ် ..." ဟု ဆူပူကြိမ်းမောင်းသော အဘ
သိထားတာလေးတွေ ပြောပြကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ... နောက်ထပ် သိထားတာလေးတွေ ရှိသေးရင်လည်း ပြောပြကြပါဦး ...
#ဟယ်ရီလွင်
CO/ မြတ် မင်း သူ
တစ်ခေတ်စာ အလွဲများ တစ်ခေတ်စာ အလွဲများ Reviewed by Lone Gyi Pauk Hla on November 14, 2017 Rating: 5

No comments:

Powered by Blogger.