သမိုင်းဝါသနာပါသူတွေအတွက် မသိမဖြစ် သိကြရတဲ့ မြန်မာပြည်ကို ချစ်မြတ်နိုးသူ ကျောက်စာဝန်ဟောင်း (ဦး)တော်စိန်ခို ဟာ အထူးစံနမူနာ ထားအပ်သူထဲ ပါဝင်သူ တစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်နဲ့ ပတ်သက်လို့ မြန်မာမှု ပြုရာမှာ ကွဲပြားမှုတွေ တွေ့ရပါတယ်။ တချို့စာလုံးပေါင်းတွေမှာ တော်စိန်ကို (Taw Sein Ko) လို့ ပေါင်းတာလည်း တွေ့ရပြီး တရုတ်လိုတော့ 杜成誥 လို့ ပေါင်းပါတယ်။ အနီးစပ်ဆုံး အသံထွက်ကတော့ Dù Chénggào ဖြစ်ပါသတဲ့။

ဦးတော်စိန်ခို ရဲ့ ဖခင် ဖြစ်သူက မော်လမြိုင်မြို့မှာ အခြေချတဲ့ အမွိုင်ကလာတဲ့ တရုတ်လူမျိုး (ဦး) တော်စိန်စမ်း (Taw Sein Sun) ဖြစ်ပြီး မိခင်ကတော့ ရှမ်းစပ်တယ် လို့ ပြောကြတဲ့ ဒေါ်နု ကနေ တော်စိန်ခို လေးကို ၁၈၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
တော်စိန်ခိုဟာ အခြေခံပညာကို ရန်ကုန်မှာ သင်ကြားခဲ့ပြီး အိန္ဒိယက အက်ဖ်အေ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ပြီးတော့ ကိန်းဘရစ်ခ်ျ မှာ ဥပဒေပညာကို သင်ကြားခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် စာဆက်မသင်နိုင်တော့ဘဲ မြန်မာပြည် ပြန်လာခဲ့ရပါတယ်။ သူက ၁၈၉၃ ခုနှစ်မှာ ကိုလိုနီ မြန်မာအစိုးရ ဆီမှာ လက်ထောက်အတွင်းဝန် ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းကို စိတ်ဝင်စားခဲ့သူမို့ သူကို အစိုးရက တရုတ်ပြည်မှာ တရုတ်ဘာသာကို လေ့လာသင်ယူစေပါတယ်။ သူ့ ရဲ့ နောက်လေ့လာမှုတစ်ခုကတော့ မွန်ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ သမိုင်းသုတေသန လုပ်ခဲ့တာပါ။ တရုတ်ပြည် ပီကင်းအစိုးရနဲ့ မြန်မာအစိုးရကြား ဘာသာပြန်လို့ ခေါ်ရမယ့် စာတော်ပြန်ဝန်ထောက်တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဗည်းကျောက်စာနဲ့ ပတ်သက်တဲံ အရာရှိ တာဝန်ကို ယူခဲ့ရပါတယ်။ နောက်တော့ သူ့ဟာ တရုတ်အရေးနဲ့ ပတ်သက်ပြီး အကြံပေး အရာရှိတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ နယ်ခြားစောင့်ရှောက်ရေး အပိုင်းမှာလည်း အရာရှိ အဖြစ် တာဝန်ယူခဲ့ရပါတယ်။
နောက် သူဟာ ကျောက်စာဝန်ရာထူး ကို အသစ်တိုးလိုက်တော့ မြန်မာပြည် အတွက် ပထမဆုံးသော ကျောက်စာဝန်ဖြစ်လာခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။
သူဟာ မြန်မာ့သမိုင်းနဲ့ ပတ်သက်တာတွေ ကို ဖော်ထုတ်ရေးသားမှုတွေလည်း လုပ်ခဲ့ပြီး မြန်မာ့ထုံးတမ်းတွေ၊ မြန်မာ့ဗိသုကာတွေ၊ သာသနာရေး အကြောင်းတွေ အပါအဝင် တော်တော်များများ ရေးခဲ့ပြီး ခေတ်သစ်သမိုင်းစာမျက်အတွက် အခန်းတော်တော်များများကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ နောက် မြန်မာ့သမိုင်းဝင် စာပေတချို့ကို အင်္ဂလိပ်ဘာသာပြန်ပေးခဲ့ပါတယ်။
ဘုန်းတော်ကြီးသင်ပညာရေး အတွက်လည်း တော်စိန်ခိုဟာ အကြံညာဏ်တွေ အများကြီးပေးခဲ့ပြီး သာသနာတော် အကျိုးအတွက်လည်း ဆောင်ရွက်ခဲ့ပါတယ်။ သာသနာရေးဆိုင်ရာ ရှေးဘုရင်ခေတ်က လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ထောက်ပြအကြံပေးခဲ့ပါတယ်။
ပထမပြန်စာမေးပွဲမှာ သီလရှင်တွေလည်း ဝင်ဖြေနိုင်အောင် လုပ်ပေးခဲ့သလို တက္ကသိုလ်က မြန်မာစာ အဓိက ပို့ချပေးဖို့ အတွက်လည်း အကြံပေးခဲ့ပါတယ်။ သူလုပ်ခဲ့တာတွေကတော့ အများကြီးပါပဲ။
နောက် ထူးခြားချက်က ပြည်တွင်းဖြစ်ကို အားပေးတဲ့ အထဲ မြန်မာပြည်ဖွား တရုတ်လူမျိုးလို့ ပြောရမယ့် တော်စိန်ခို ပါဝင်ခဲ့သလို ပင်နီအကျီကို ဝတ်ဆင်ခဲ့ပါတယ်။
သူရခဲ့တဲ့ ဆုတွေကို အကျယ်ချဲ့ မရေးတော့ပါဘူး။ သူ့ရဲ့ အကြောင်းက ကျွန်တော် ရေးပြတာအကြမ်းပဲ ရှိပါသေးတယ်။ အသေးစိတ် စာတစ်စောင် ပေတဖွဲ့ ရေးပြနိုင်ဖို့ အတွက် ကျွန်တော် ကြိုးစားပါဦးမယ် ခင်ဗျာ။
ထက်အောင်ကျော်ဌေး
ကိုးကား - ဝီကီပီဒီးယား
ကျွန်တော် လေ့လာမိသမျှ ကျောက်စာဝန်ဟောင်း တော်စိန်ခိုအကြောင်း
Reviewed by Lone Gyi Pauk Hla
on
November 14, 2017
Rating:
Reviewed by Lone Gyi Pauk Hla
on
November 14, 2017
Rating:
No comments: